အပေါ်ယံမိတ်ဆွေ အတုအယောင် တွေက ကိုယ့်အပေါ် မတုန်လှုပ်စေနိုင်တော့ပါဘူး။
ဘဝင် ရူးတွေ ကို ထုတ်ဖော် နိုင်မယ့် နည်းလမ်း သုံးလမ်း။
လူတစ်ယောက် ဘဝင်ရူး မရူးဆိုတာ ဒီ တိုင်းကြည့်ရုံ နဲ့ မသိနိုင်ပါဘူး။
သူတို့တွေ က ပုတ်သင်ညိုလို သူတို့ရဲ့ပုံပန်း အသွင်အပြင် ကိုသင့်ရဲ့ အကြိုက် အထိုက်အလျှောက် ပြောင်းလဲ နိုင်ကြပါတယ်။
သင် သူတို့ဆီ ပါလာပြီ ဆိုမှ သူတို့ ရဲ့ လွှမ်းမိုးမှု အောက်မှာ ခိုင်းစေ တတ် တာမျိုးပါ။
၁။ စကားအသွားအလာပြော ဆိုပုံကို အကဲခတ်ပါ။
သူတို့ရဲ့ကောင်းကြောင်း ၊ achievements တွေ ၊ ဘယ်လောက်တော်ကြောင်း အစဉ် promote လုပ်ဒါ ၊ ဒါမှ မဟုတ် အမြဲ အဲ့ဒီ စကား လမ်းကြောင်းကို ဘူတာ စိုက်အောင် ကြိုးစားပြောဆိုတာ တွေပါ။
သင်သာ ကိုယ့်မှာ ရှိနေတဲ့ အရာ တွေ ထက် ပိုပြီး သူများတွေ ထက်သာကြောင်း ပြောဆို ပုတ် ခတ်နေတတ်တဲ့ သူတစ်ယောက်ဆိုရင် သင့် မှာ လည်း ဒီ ဘဝင်ရူး မှု နည်းနည်း လေး ရှိနေသလားဆိုတာ ကို ပြန်စမ်းစစ်ပါ။
၂။ သူတို့ရဲ့ လှုပ်ရှားမှု တွေ ကို ကြည့်ပါ။
ဘဝင်ရူး တွေ က သွက်သွက်လက်လက် ရှိသယောင် ထင်ရပါတယ်။ သင့်အပေါ် စိတ်ဝင်စားမှု ပြပြီး၊ သင်ကြိုက်တာ တွေ ပြောဆို ရင်း သင်နဲ့ ရင်းနှီး မှုကို ရယူပါလိမ့်မယ်။ အကြောင်းအရင်း ကတော့ သင့်ကို စိတ် ခံ စားချက်ပိုင်းအရပဲ ဖြစ်ဖြစ် သူတို့ကိုယ်ကျိုးအတွက်အနိုင်ယူလေ့ ရှိတတ်ကြတာပါ။
သင့်သူငယ်ချင်းတွေ သူတို့နဲ့ပက်သက် ပြီးရင်ဖွင့်လာခဲ့ရင်လည်း နားထောင်ပါ။ ကိုယ့်အလှည့် မရောက်ခင် ကြို တင်ကာကွယ်ထား နိုင်တာ မို့ပါ။
၃။ အပြုအမူတွေ ကို ကြည့်ပါ။
သူတို့က မြူဆွယ် ဖျားယောင်းတဲ့ နေရာမှာ ဆရာကြီးတွေပါ။ စိတ် အရ ခန္ဓာ အရ ဝိဉာဏ် အရ ပါ သင့်အပေါ် အနိုင်ယူပြီး သူတို့ရဲ့ Game တွေ မှာ ပါဝင်ခိုင်းတတ်ပါတယ်။
သူတို့ရဲ့ လိုအင်ဆန္ဒ တွေ ကို ဖြည်ဆည်းပေးနိုင်တဲ့ လူတွေ လောက်ပဲ အလေးထား Attention ပေးတတ်ကြပါတယ်။
Source:HIGHER PERSPECTIVE
Do not copy and post this to any other unauthorized platforms
Tinkayta
Zawgyi
Comments