top of page
သူကိုယ့် ကိုသ​ဘောကျနေသလားဆိုတာ ကို ဘယ်လို သိနိုင်မလဲ။(for boys only)
  • Writer: Uzzlang Aung
    Uzzlang Aung
  • Feb 21, 2020
  • 3 min read
-ခြေဟန်လက်ဟန်တွေကိုကြည့်ပါ။
၁။ သူကိုယ့်ကိုမကြာခန ပြုံးပြပြီးတော့ အကြည့်ချင်းဆုံ အာင် ဖန်တီးယူနေသလား ကြည့်ပါ။
သာမန်သူငယ်ချင်းတွေ သားရီး/ဘော်ဒါအကန့်တွေ မှာ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပေမယ့် ၊ တစ်နေကုန် အဲ့လိုတွေ လုပ်နေပြီ ဆိုရင်တော့ သူ့ဘက်က ကိုယ့်ကို ပိုပြီး ရင်းနှီးမှုကို လိုချင်နေကြောင်း ပြတဲ့ သငေ်္ကတ ပါ။
၂။အတူရှိနေစဉ် သူ့ရဲ့ ရွေ့ လျှား မှုတွေ မှာ ကြောက်ရွံ ့မှုတွေ ပါသလား ကြည့်ပါ။ ကောင်လေး တစ်ယောက်က မင်းကို ကြိုက်နေပြီ ဆိုရင် မင်း သူ့အပေါ် ဘယ်လို မြင်သွား မယ် ဆိုတာ က အစ သူဂရုစိုက်ပါတယ်။
တစ်ခုခု မှားယွင်းသွားမှာ ကို လည်း အသေ ကြောက်ပါတယ်။တခါတလေ ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ်။
- လက်ဖဝါး ချွေးဆို့ နေတာ -ပုံမှန်မဟုတ်တဲ့ ရှက်ကိုးရှက်ကန်း ရယ်တာ -စကား ထစ်တာ ၊ ရှေ့နောက်မညီတာ -ဂနာမငြိမ်တာ စတာတွေ ကို သတိထားပြီး ကြည့်ပါ။
၃။ သူခိုးကြည့်တတ်သလား သတိထားပြီး အကဲခတ်ပါ။
သင့်ကို စိတ်ဝင်စားနေပြီ လို့ ထင် ရင် အဲ့ဒီတစ်ယောက်ကို သတိထားကြည့်ပါ။ မသိမသာ သူ့ရဲ့ အကြည့်တွေ ကို အကဲခတ်နေပါ။ မကြာမကြာ အကြည့်ချင်း ဆုံမိတယ်ဆို ရင်တော့ သူ မင်းကို ကြိုက်နေတာ သေချာသလောက်ရှိပါပြီ။
- မင်းကို ခိုးကြည့်နေတာ ကို မိသွားရင် သူ အဝေးတစ်နေရာ ကို အကြည့်လွှဲလိုက်တာ တို့ ကြုံခဲ့လို့ရှိရင် မင်းသူ့ကို ပြန်ပြီး ကြိုက်မလား မကြိုက်ဘူးလား ဆိုတာ ကို သူ စိုးရိမ် နေတဲ့ အဓိပ္ပါယ် ပါ။
၄။ လိုအပ်တာ ထက်ပိုပြီး အသားယူတာ ၊ ထိတာ တွေ့တာ။
ယောကျာ်းလေးတွေ အချင်းချင်း ဆိုရင် High five လုပ်တာတို့ လက်ဆွဲ နှုတ်ဆက်တာတို့ ကြမ်းကြမ်းတမ်းတမ်း ပုတ် ပြီး ပြောဆို စနောက်တာတို့က သဘာဝပါ။ ဒါပေမယ့် လိုတာထက် ပိုပြီး အသားယူတယ်လို့ ထင်ခဲ့ရင် တော့ သင့်ဆီ က reaction ကို သူစောင့်မျှော် နေတာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
- လက်ကို ပွတ် တပ်တာ -ပုခုံး ပေါ် သူ့လက်ကို လာတင်တာ -မကြာမကြာ ဖက် တာ -ဆံပင် ကို ထိဖို့ အကြောင်းရှာတာ စတာတွေက common ဖြစ်ပါတယ်။
၅။ တခြား သူ့ဘော်ဒါတွေထက် ထူးကဲပြီး မင်းကို ဆက်ဆံ သလား ကြည့်ပါ။ ယောကျာ်း လေးတော်တော်များများ က သူတို့ရဲ့ ခံစားချက်တွေ ကို ထုတ် မပြတတ် ကြပါဘူး။ တချို့တွေ ဆိုရင် အချိန်တော်တော်ကြာတဲ့အထိ ဖွင့်မပြောပဲ ထားတာ မျိုးပါ။
အဲ့ဒါကြောင့်မို့ သူ့ဘက်က ဘာအရိပ်အမွက် မှ မပေး ခဲ့သည် တိုင် အောင်သင့်ဘက်က ဒီ နည်းလမ်းတွေ သုံးပြီး အကဲခတ် ကြည့်နိုင်ပါတယ်။
ဥပမာ - - မျက်လုံးချင်း မဆုံရဲ ဘူး ဆိုရင် ၊ သူရှက်နေတာ ဒါမှ မဟုတ် သင့် မပေါ် crush နေတာ ဖြစ်နိုင်ပါတယ်။
- တခြား ကောင်တွေ ထက် မင်းကို ပိုအလေးပေးပြီး ကာကွယ်တယ်၊ တခုခု ဆို over protective ဖြစ်နေတယ် ဆိုရင် သင့်ရဲ့ ဂုဏ်သိက္ခာကို ညိုး နွမ်းမှာ သူ လုံးဝ အဖြစ်မခံလို့ပါ။
-မင်း ရှိနေတဲ့အခါ တခြား ကောင် တွေ နဲ့ ပိုပြီး flirtious ဖြစ်သလို နေတယ်။
ဒီဟာ ကတော့ သင့်ကို သူက တခြား လူတွေ နဲ့ သဝန်တိုတာ ကို လိုချင်လို့ပဲ ဖြစ်ပါတယ်။ ဒီအချက်တွေ အကုန် ပြည့်စုံပြီ သူက မင်းကို ကြိုက်နေတာ သေချာ ပြီဆိုရင်တော့
နောက်အပိုင်းတစ်ခု မှာ သူနဲ့ ဘယ်လို ဆက်သွားသင့်သလဲ ဆိုတာ ကို ထပ်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
Source:WIKIHOW Do not copy and post this to any other unauthorized platforms Tinkayta
ZAWGYI
Comments
Post: Blog2_Post
Contact
+95 780216325
Follow
  • facebook
  • linkedin
©2020 by The Tin Kayta. Proudly created with Wix.com
bottom of page