top of page
လူ တစ်ချို့ မစ ရဲကြတဲ့ ထက်မြက် တဲ့လူတစ်ယောက်ဆိုတာ
  • Writer: Uzzlang Aung
    Uzzlang Aung
  • Feb 11, 2020
  • 4 min read
လူတွေက Personality strong ဖြစ်တဲ့ လူတစ်ယောက်နဲ့ကြုံတွေ့လာတဲ့အခါ အဲ့ဒီ လူ က ဘယ်လို လူမျိုး လဲ ဆိုတာ ကို လုံးဝ ခန့်မှန်း လို့ရမှာ မဟုတ်ပါဘူး။
တချို့ကျတော့ influence ရှိတယ်လို့ ထင်ကြလိမ့်မယ်။
တချို့ကတော့ ရိုင်းတယ်ထင်ကြတယ်။ ဒါပေမယ့် တစ်ခုမှ မမှန်ပါဘူး ။
အပြင်ဘက် က သာ strong ဖြစ်သလိုထင်ရပေမယ့် အတွင်းစိတ်ကတော့ ကြောင်သေးသေး လေး လို နူးညံ့ကြပါတယ်။ အနိုင်အရှုံးကို သူတို့ ဂရုမစိုက်တတ်ကြပါဘူး။ သင်သာ strong personality ရှိတဲ့လူတစ်ယောက်ဆိုရင် သင့်ကိုတချို့ လူတွေ ကြောက်ကြပါလိမ့်မယ်။ ဒါက လည်း သင့်ရဲ့အကြောင်းကိုအတွင်းကျကျ မသိသေးတဲ့အတွက်ကြောင့်ပါ။
သင့်ကို ဘယ်သူမှ အသိ အမှတ်ပြုပေးဖို့ attention ပေးဖို့ကို လည်း သင် လိုလား မှာ မဟုတ်ပါဘူး။
အများအားဖြင့် သင့်ရဲ့ ဂုဏ်သတင်းတွေ ကြောင့် (ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ) ရှိန်နေကြတာများပါတယ်။ အဲ့လို လူတွေ မှာ တွေ့ရတတ်တဲ့ အမူအကျင့် တွေ ကို ဖော်ပြပေး လိုက်ရပါတယ်။
၁။ အကြောင်းပြချက်မပေးဘူး။
သူတို့တွေက တခြားသူတွေ အကြောင်းပြချက်ပေးတာကိုလည်း အလွန်နားကြား ပျင်း ကပ်သလို သူတို့ကိုယ်တိုင်လည်း မပေးပါဘူး။ အကြောင်းအရာ တစ်ခု ကို လုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာ ထက် ဘယ်လို ဖြစ်အောင်လုပ်ရ မလဲ ဘယ်လို အတားအဆီးတွေ ကို ကျော် ဖြတ်ရမလဲ ဆိုတာ ကို ပဲ ခေါင်းထဲ ထားပြီး လုပ်ဆောင်တတ် ကြပါတယ်။ ဘာလို့ မလုပ်နိုင်တာ လည်း ဆိုတာ ထက်ကို ဘယ်လို လုပ်ရင် ရမလဲ ဆိုတာ ကို ပိုပြီး တွေးနေတတ် သူတွေပါ။
၂။ ဘဝထဲ ကို တော်ရုံလူ ကို အဝင်မခံဘူး။
သင်ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူး ၊ သင်က ဘယ်သူ၊ ဘယ်လိုလူမျိုး၊ ဆိုတာ ကို သူများ ပြောတဲ့ သတ်မှတ် ချက်တွေ အပေါ်မှာ အမှီ ခိုပါဘူး။ အဲ့လိုပြောတဲ့သူတွေ က သူ့တို့ကို သူတို့ သင့်ရှေ့မှာ သက်တောင့်သက်သာ ရှိအောင် ပြောယူကြတာကို လည်း ချက်ချင်းသတိထားမိမှာပါ။ သင့်ကိုသင် ဘယ်သူလဲ ဆိုတာ ကို မသိ သေးရင် တောင်မှ သင့်ရဲ့ BF/GF, Boss ပဲ ဖြစ်ဖြစ် bff တွေ ပဲ ဖြစ်ဖြစ် သင့်ကို ပြော ပေးစရာမလို ပါဘူး။ ကိုယ့်ဟာကို အချိန်တန်တဲ့အခါ သိလာလိမ့်မယ် လို့ ခံယူထားသူတွေပါ။
၃။ အသေးအဖွဲ စကားစမီပြောရတာကို အသေမုန်းတယ်။
ပျင်းစရာကောင်းပြီး ငြီးငွေ့စရာ (ကြောက်စရာ)လိုတောင် လိုတောင်သတ်မှတ်ထားတာပါ။ ကိုယ့်အတွေးနဲ့ကို စနစ် ကျကျ ရှိပြီး ကိုယ်က အတွေး တစ်ခု ကို အောင်အောင်မြင်မြင်နဲ့ ပုံဖော် အကောင်အထည်ဖော်နိုင်စွမ်းရှိနေတဲ့အခါ တချို့လူတွေ ရဲ့ အမြင်ကို အချိန်ကုန်ခံပြီး နားထောင်ချင်မနေပါဘူး။
၄။ မျက်နှာပြောင်တိုက်တာ ၊ ကြောင်တောင်တောင်ဖြစ်တာ နဲ့ လစ်လျူ ရှု ခံရတာကို အသေ မုန်း ပါတယ်။
ဒါအပြင် ကိစ္စတစ်ခု ကို သေသေချာချာ ကျကျနန မသိ ပဲနဲ့ အဝေဖန်စောတဲ့ လူတွေ(ဥပမာ-အနုပညာရှင်တွေ ကို bad mouthing လုပ်တဲ့လူတွေ) ကို ဘဝထဲ က ဖယ်ထုတ် တတ်ကြသလို ။ ဘယ်သူ ဘယ်ဝါ ပဲဖြစ်နေပါစေ လုံးဝ impression down သွားစေသလိုမျိုးပါ။ အများအားဖြင့် လူတွေ ကို influence လုပ်နိုင်စွမ်းရှိသလို လူတိုင်းကိုလည်း တတ်နိုင်သလောက် အပေါ်ယံကြည့်ပြီး ဘယ်အရာ ကိုမှမဆုံး ဖြတ် ကြဖို့ encourage လုပ်ပါတယ်။ဒါကသင့်မှာရှိတဲ့ best quality တစ်ခုပါ။
၅။ တစ်ဖက်လူရဲ့စကားကို သေချာ အာရုံစိုက်ပြီး နားထောင်တယ်။
စကားတစ်ခွန်းကို သေသေချာချာ ကျကျနန နားထောင်တတ် တာ နဲ့ အပေါ်ယံ တုန့် ပြန်ဖို့ နားထောင်တာ ကွာပါတယ်။ ဒါက လည်း personality strong ဖြစ်တဲ့သူတွေ မျာ မှ ရှိကြတာပါ။ အဲ့ဒီက စပြီး စကားပြောပုံ တုန့် ပြန် ပုံခြင်း သာ မန် လူနဲ့ကွာ သွားပါတယ်။ လူတွေ အများစု ရှိန်ကြပါတယ်။
၆။ Attention မလိုဘူး။
လူတစ်ချို့က သင့်ကို attention လို ချင်နေကြတယ်လို့ပြော တဲ့အခါ အဲ့ဒီ attention ကို သူတို့ဆီ က ယူနေတာ မဟုတ် ပဲ၊ ကိုယ့်ရဲ့ strong personality ကြောင့်သူတို့ဆီ က attention တွေ အလိုလို ရနေတာကို သတိထားမိမှာပါ။ အသိတွေ များတာ social ကောင်းတာ ကလည်း သင်ကိုယ်တိုင် socialising လိုက်လုပ်နေတာ မဟုတ်ပဲနဲ့ လူတွေ ကိုယ်တိုင်ကိုက သင့်ရဲ့ personality မျိုး(သင့်လို လူမျို ုး)ကို လိုချင်နေကြတာ ကြောင့်ပါ။
၇။ အားနေ ကြောက်မနေဘူး။
လူဆိုတာ ကတော့ ကြောက် တတ် ကြတာတွေ ချည်းပါပဲ။ ဒါပေမယ့် အဲ့ဒီ အကြောက်တရားက ဘဝ မှာ အနှောက်အယှက်တစ်ခု ဖြစ်နေတာမျိုးကို တခြားလူတွေ လို အဖြစ်မခံပါဘူး။
၈။ Insecurities ကို အခွင့်အရေး တစ်ရပ်လို အသုံးချတတ်တယ်။ ကြောက်နေတဲ့ အရာ။
ကိုယ့်မှာ အဲ့ဒီ အရာကို လုပ်လိုက်ဖို့ အရည်အချင်း မပြည့်မှီ သေးရင်တောင် တွန့်ဆုတ် မနေ တတ် ပါဘူး။ အဲ့ဒါကို အခွင့်အရေးတစ်ရပ်လို အသုံချပြီး အမှားတွေ ကနေ အမှန်ကို သင်ယူပါတယ်။ လူတွေသင်နဲ့ ဆက်ဆံတဲ့အခါ သူတို့ဆီကအကောင်းဆုံး personality တွေ ကိုမျှော်လင့်တတ် ကြပြီး။
ကိုယ့်အပေါ် respect မရှိတာ personality မကောင်းနိုင်တာ မျိုးဆိုရင် သည်းမခံနိုင်ကြပါဘူး။ ကိုယ်ကလည်း သူများအပေါ် အရမ်း respect ထားတာတွေကြောင့်ပါ။
ချစ်ခြင်းမေတ္တာတရား ကြီးမားပြီး။ ခွေးတွေကြောင်တွေ တိရိဆန် လေးတွေက အစ ကြင်နာတတ် ချစ်တတ် လွန်းကြပါတယ်။ အဲ့လို personality ရှိနေပြီ ဆိုရင် ကိုယ့်ကိုကို မှန်ကန်နေဖို့ မပြောင်းလဲသွားဖို့ ပဲ လိုပါတယ်။
လောကကြီးကို equality တွေ နဲ့ ပျော်ရွှင်နေတာကို ကြိုက်ပြီး အလှ ဆင်တတ် ကြတဲ့ စိတ်ထား ပိုင်ရှင်လေးတွေ ပါ။
Zawgyi
လူ တစ်ချို့ မစ ရဲကြတဲ့ ထက်မြက် တဲ့လူတစ်ယောက်ဆိုတာ လူတွေက Personality strong ဖြစ်တဲ့ လူတစ်ယောက်နဲ့ကြုံတွေ့လာတဲ့အခါ အဲ့ဒီ လူ က ဘယ်လို လူမျိုး လဲ ဆိုတာ ကို လုံးဝ ခန့်မှန်း လို့ရမှာ မဟုတ်ပါဘူး။
၆။ Attention မလိုဘူး။
၇။ အားနေ ကြောက်မနေဘူး။
Do not copy and post this to any other unauthorized platforms
Tinkayta
Comments
Post: Blog2_Post
Contact
+95 780216325
Follow
  • facebook
  • linkedin
©2020 by The Tin Kayta. Proudly created with Wix.com
bottom of page