top of page

ရယ်စရာမပါပဲ haha ပေးတဲ့လူတွေ ကို ဘာကြောင့် block သင့်သလဲ။

  • Writer: Uzzlang Aung
    Uzzlang Aung
  • Feb 28, 2020
  • 2 min read


Facebook ကို သိတဲ့ လူတွေ နဲ့ပဲ သုံးတာထက် မသိတဲ့ သူတွေ နဲ့ပါ သုံး မယ်ဆိုရင်တော့ ဒီ haha ကိစ္စဟာ တကယ်ကို ထည့်သွင်းစဉ်းစားရမယ့်အရာပါ။ ဘာကြောင့် ရယ်စရာမပါပဲ haha ပေးသလဲ လို့ အဲ့ဒီ haha ပေးတဲ့ သူအနည်းစု ကို သွားမေးတဲ့ အခါ သူတို့ က (အများစု) မကြိုက်ကြပါဘူး။ သူတို့ဘက်က စပြီး unfriend လုပ်တာ Block တာ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာ Self esteem ကို သံသယ ဝင်လာအောင် စကား လုံး အကြမ်းတွေ နဲ့ ထိုးနှက်ပြောဆိုတာ လှောင်ပြောင်တာ #post ကိုကြည့်ရင် ရယ်စရာ ပါလား မေးရင် ရယ်စရာ ပါတယ် ပြန်ဖြေတာ ၊ စတာတွေ ပါ။ အနည်းစု ကတော့ မကြိုက်ဘူးဆိုရင် နောက်မလုပ်တော့ပါ ဘူးလို့တောင်းပန်ကြပါလိမ့်မယ်။ ( အယောက် ၁၀၀ မှာ ၂ ယောက်ပါ) အပေါ်က ​ပြောထားတဲ့ အရာ​တွေ ကတော့ အပြင်မှာ တွေ့ လည်းမတွေ့ ဘူး မြင်လည်း မမြင်ဘူး ပဲ request တွေ လက်ခံ ရင်း ပဲ ဖြစ်ဖြစ် ၊ ramdomly add ရင်းပဲဖြစ်ဖြစ် friends ဖြစ်လာတဲ့သူတွေ နဲ့ပါ။ အဲ့ဒီ case က ကိုယ့်အတွက် sensitive ဖြစ်တယ်ဆိုရင်တော့ haha ပေးတာ နဲ့ တိတ် တိတ် ကလေး တန်း block ပစ်ဖို့တန် ပါပြီ။ Actor တွေ နဲ့ social influenzer တွေ ရဲ့ အဓိက ဘာသာရပ်တွေ ထဲ က တစ်ခုဖြစ်တဲ့ dealing with publicity မှာ အဲ့တာ တွေ ကို ignore လုပ်ရမယ် ခံ နိုင် ရည် ရှိဖို့ဆိုတာ ပါ ပါတယ်။ ဒါပေမယ့် ကိုယ်က အနုပညာ ရှင်မဟုတ်သလို အဝေအဖန်လည်း မခံနိုင်ဘူး လှောင်ပြောင် တာ ပျက်ရည် ပြုတာ ကို မကြိုက်ဘူး ဆိုရင်တော့ သူတစ်ပါး မရိပ်မိခင် မြန်မြန် အပြီးသတ်လိုက်တာ ကိုယ့်အတွက် risk အ ကင်းဆုံးဖြစ်မှာပါ။ Haha ပေးတဲ့ လူကတော့ နောက်နောင် တွေ လည်း haha ပဲ ဖြစ်နေအုံး မှာ မို့ လို့ ပါ။ သင်အဲ့တာ ကို ပြောင်းလဲ လို့မရပါ။ သင့်ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိပါ။ အပြီး အပိုင် ignore လုပ်လိုက်ခြင်းကသာလျှင် သည်ကိစ္စတွေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ Twice haha always haha ပါ။ Do not copy and post this to any other unauthorized platforms Tinkayta




 
 
 

Comments


Post: Blog2_Post

Contact

+95 780216325

Follow

  • facebook
  • linkedin

©2020 by The Tin Kayta. Proudly created with Wix.com

bottom of page