top of page
မတူညီတဲ့ အတွေးတစ်ခုကို ဘယ်လို လေးစားမှု ပြရမလဲ။ 
  • Writer: Uzzlang Aung
    Uzzlang Aung
  • Feb 11, 2020
  • 3 min read
လူတွေနဲ့ စကားပြောကြတဲ့အခါ အကြောင်းအရာ တစ်ခုခုကို အမြင် ချင်းယှဉ် ကြတဲ့အခါ မတူညီတဲ့အမြင်တွေ ဆိုတာ ရှိလာ
စမြဲပါ။ သူတစ်ပါး ရဲ့ မတူညီ တဲ့အထင်အမြင်အပေါ် မရိုင်း ပျ မိစေဖို့ ကလည်းတော်တော် အရေး ပါပါတယ်။
ဘယ်လို နည်း လမ်းတွေ နဲ့ သူတစ်ပါးအတွေးအခေါ် ကို မစော်ကား မိစေဖို့ ရှောင်သင့်သလဲ နဲ့ ဘာလို့ ရှောင်ကျည် သင့်သလဲ ဆိုတာတွေ ကို ဖော်ပြပေး လိုက်ပါတယ် ။
၁။ သင်သူတစ်ပါး ရဲ့ အမြင်ကို မေးပြီ ဆိုတာ နဲ့ သူတို့ ဘာကြောင့်အဲ့လိုထင်တယ် ဘာလို့ အတွေး အမြင်က မတူ ရ သလဲ ဆိုတာ တွေ ကို အဖြေရှာ ပါ။ သူ့ရဲ့ စကားကို ဆုံးအောင်ပြောပါစေ။
၂။ ကိုယ်နဲ့အမြင်မတူတဲ့ သူတစ်ယောက်က သူတို့ ရဲ့ အကြာင်းပြချက် ဘာကြောင့်အုမင်မတူရသလဲ ဆိုတာ ကို ရှင်းပြနေတဲ့အချိန် မှာ ကြားဖြတ်ဝင်မပြောပါနဲ့။ တိကျတဲ့ အဖြေ ၊ တိကျတဲ့ အကြောင်းပြချက် လုံလောက်တဲ့ information တစ်ခု ရတဲ့အထိ နားထောင်ပါ။ ၃။ လေးစားမှု ရှိပါ။ အသွင်မတူ ရန်သူ ဆို တာ ရှေး ခေတ်မှာ ကျန်ခဲ့ပါပြီ။ မတူညီ တဲ့အတွေးသစ် အမြင်သစ်တွေ ကို လက်မခံနိုင်ရင်တောင်မှ logical ကျတဲ့ဖြေရှင်းချက်တစ်ခု ပေးနိုင်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ လေးစားမှုကို ပြလိုက်ပါ။ နားလည်အောင်ကြိုးစားပါ။ ၄။ အမြင်မတူတဲ့ သူတွေ ကို ဆက်ဆံတဲ့အခါ သင့်ကိုကော ဒီ လို ပြောရင် ဆက်ဆံ ရင် ကြိုက်မလား ဆိုတာ ကို တွေးပြီး ပြောဆိုပါ ဆက်ဆံပါ။ Treat them the way you want to be treated ပါ။
၅။ မတူညီ တဲ့ အမြင်တိုင်းကို မှားတယ်လို့ သွားပြော လို့မရပါဘူး။ ကွဲပါးမှုတွေ နဲ့လှပနေတဲ့လောက ကြီးမို့လို့ ကွဲပါးမှုတွေ ကို လည်း တန်ဖိုးထားတတ် ရပါမယ်။ coffe မကြိုက်တဲ့ သူတစ်ယောက်ကို အတင်းကြီး coffe ကိုကြိုက်ခိုင်း လို့ မရပါဘူး။ ၆။ လူတိုင်းက မတူညီ ကွဲပါးတဲ့ အထင်အမြင်တွေ မြင်ခွင့်ရှိတယ်ဆိုတာ ကို မှတ်ထား ပါ။ တစ်ပါးသူတွေနဲ့ မပြောနဲ့ တစ်ခါတစ်လေ သင့်ကို သင်တောင် opinion တွေက မသေချာမရေရာ တာ တို့ စိတ်နှစ်ခွ ဖြစ်တာတို့ ဖြစ်တတ်ကြသေးတာမို့ပါ။ ၇။ အထင်အမြင်တွေ မတူညီ တဲ့လူတစ်ယောက်ကို အထင်မသေးလိုက်ပါ နဲ့။ မနှိမ့် ချလိုက်ပါနဲ့။ "No one has ever made himself great by showing how small someone else is '' ပါ။ ဘယ်သူကမှ တစ်ပါးသူကို ဖဲ့ပြီး အမြင့်ရောက်သွားတာ မရှိပါ။
၈။ စိတ်ကို အမြင့်ဆုံးမှာ ထားပြီး မတူတာတွေ ကို အပေါ်စီးကနေ မြင်အောင်ကြည့်ပါ။ "Minds are like parachutes they function better when they are open'' ၉။ သူတို့ ဘက်ကနေ မြင်နိုင်အောင် ကြိုးစားကြည့်ပါ။ဘာလို့အမြင်မတူတာ လဲ ဆိုတာ ကို တွေ့ ရပါလိမ့်မယ်။ပင်လယ်ထဲက ငါးက ပင်လယ် ကြီးက သူ့အိမ်ဖြစ်သလို နွားချေရာခွက်ထဲ က ဖားတစ်ပိုင်းငါးတစ်ပိုင်းကလည်း သူ့အိုင် ဟာ သူ့အိမ် လို့် ထင်သလိုပေါ့။ ၁၀။ အမြင်မတူရင် မှားတယ်လို့ ဘယ်တော့မှ မသတ်မှတ်လိုက်ပါနဲ့။ ၁၁။ ဘယ် ထင်မြင်ချက်က မှန်တယ် မှားတယ် စသည်ဖြင့် မငြင်းခုန်ပါနဲ့။
၁၂။ သင့်ရဲ့ အမြင် ဘဝ ​နေထိုင်မှူ နဲ့ရွေး ချယ်မှုတွေ က သူတစ်ပါးနဲ့မတူတဲ့အခါ အဲ့ဒီ သူတစ်ပါးကို မှားတယ် သွားထောက်ပြလို့မရပါ။ တခြားသူ က သင့်ရဲ့ ဘဝ ကို လာပြီး ချယ်လှယ်တာ မှားတာ မှန်တာ ထောက်ပြတာ ကိုထက်ကို ကိုယ့်ကိုကို ပိုပြီး လက်ခံနိုင်ဖို့ သူတစ်ပါးရဲ့ အမြင်နဲ့မရှင်သန်ဖို့ကြိုးစားပါ။ ၁၃။ သင်စဉ်းစားသလို အတင်း အမြင်မတူတဲ့သူတစ်ယောက်ကို စဉ်းစားခိုင်းတာ မျိုး ရှောင်ကျည် ပါ။ မတူညီ တဲ့ အစိတ် အပိုင်းတွေ နဲ့ ပုံ ဖော်၍မရပါ။ ၁၄။Opinion(ထင်မြင်ချက်) နဲ့ Fact (အချက်အလက်)နဲ့ Faith(ယုံကြည်ရာ ကိုးကွယ်ရာ) ကို ကွဲပါစေ။ ၁၅။ သင်လက်မခံနိုင်တာတစ်ခုတည်းနဲ့ သာတစ်ပါးရဲ့ အမြင်ကို ရိုက်ချိုးတာ မျိုး ရှောင်ကျည် ပါ။ Source: Odyssey Do not copy and post this to any other unauthorized platforms Tinkayta Media
Zawgyi
Comments
Post: Blog2_Post
Contact
+95 780216325
Follow
  • facebook
  • linkedin
©2020 by The Tin Kayta. Proudly created with Wix.com
bottom of page