မိခင်ဆုံးရှုံးသွားတဲ့သူတွေ မှာ ကျိန်းသေ ဖြစ်လာမယ့် အရာ ၅ ခု။
- Uzzlang Aung
- Feb 18, 2020
- 3 min read
မိခင် မရှိ ပဲ ဘဝကို ဖြတ်သန်းရတာ တော်တော်လေးခက်ခဲ တဲ့အခြေအနေဆိုတာ ကို လူတိုင်း သိကြပါတယ်။
(Zawgi- Unicode)
မိတ်ဆွေ သူငယ်ချင်းတွေ ရဲ့ မိဘ တွေ ဆုံးသွားတဲ့အခါ တောင် ကျွန်တော်တို့တော်တော်လေး ခံစားကြရပါတယ်။ ဒါပေမယ့် အဲ့ဒီ နောက်ပိုင်း သဘာဝ က ပေးတဲ့ ရလဒ်တွေ အရ ပိုမိုပြီး အမျော်အမြင်ကြီး လာပြီး သန်မာ တဲ့ စိတ်ဓာတ် တွေ ကို ရရှိလာပါတယ်။ မိခင်ဆုံးရှုံးသွားတဲ့နောက် ကြုံတွေ့ ရနိုင်တဲ့ အချက်၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ့်ကိုကို သာ အားကိုးတတ် လာပြီး ကိုယ့်ကိုယ် ကို အားပေး နိုင် တဲ့ cheerleader တစ်ယောက်ဖြစ်လာမယ်။
အမေမရှိတဲ့အခါ ကိုယ့်ရဲ့ ပရိတ်သတ်က ကိုယ်ကိုတိုင်ပါပဲ။ အမေ ရှိနေစဉ် အမေ ဆီ က ရတဲ့ အားပေးစကားတွေ အကြောက်တရားတွေကို ရင်ဆိုင်စေနိုင်မယ့် စိတ်ဓာတ် ခွန်အားတွေ ကို သင် ထပ်မရနိုင်တော့ပါဘူး။ အဲ့ဒီ တွန်းအားက လောက ကြီးမှာ အမေက လွှဲ ပြီး ဘယ် တစ်ဦး တစ်ယောက် ကမှ သင့်ကိြ မပေးနိုင်လို့ပါ။
ကျင့်သားရလာတဲ့အခါ ကိုယ့်ကိုကို အားကိုးတတ်တဲ့ cheerleader ကောင်းတစ်ယောက် ဖြစ်လာပါတယ်။ အဲ့ဒီ ခွန်အားတွေ ကပဲ သင့်ကို လုပ်နိုင်တဲ့ limit ထက် ကျော်လွန်ပြီး risk ယူတာကို အများ ကြီး လုပ်နိုင်လာပါ မယ်။
၂။ အရာရာတိုင်းက စတင်ပြီး အတိတ်က သင့်ကိုယ်ကို ကော သင့်အမေကို အမှတ် ရ စေနိုင်ပါတယ်။
အမေရှိစဉ်က အတူ နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေ အတူကြည့်ခဲ့ဖူး တဲ့ရုပ်ရှင်တွေ နဲ့ အတူသွားခဲ့ ဖုူး တဲ့နေရာတွေ၊
အားလပ်ရက်တွေ မှာ အတူတူ လုပ်ခဲ့ဖူးတဲ့ အရာတွေ ကို ၊ သင်တစ်ယောက်တည်း ဖြတ်သန်း ရတဲ့အခါ သင် ့ရဲ့ စိတ်ကူးယဉ် စွမ်း ရည်ထဲမှာ strong အဖြစ်ဆုံးက သင့်အမေ ရဲ့ပုံရိပ် ဖြစ်ပါတယ်။ တခါတလေ မှာ သင်မှန်ရှေ ့ ကြည့်နေရင် တောင် သင့်ရဲ့ အနောက် က အမေ ကို အတိုင်းသားကြီး မြင်ရတတ်တဲ့အထိ imaginary အား ကောင်းပါတယ်၊
၃။ သင့်ဆွေမျိုး ပတ်ဝန်းကျင် တွေ ကြားမှာ သင် ဟာ နောက်ထပ် version အသစ် တစ်မျိုးနဲ့ လူ တစ်ယောက် ဖြစ်သွားမယ်။
သင့်အပေါ် ဘယ်သူက အပေါ်ယံ အမေ့မျက်နှာ နဲ့ဆက်ဆံ ခဲ့တယ်။ ဘယ်သူက ကိုယ့်အပေါ် ကို တကယ် စိတ်ရင်းနဲ့ ဂရုစိုက်တယ် ဆိုတာ တွေ ကို သင် အဲ့သြော်စရာ မလိုလောက်အောင်ကို နေသားကျသည်အထိ ကြုံတွေ့ရမှာပါ။
၄။ အမေ အနားမှာ မရှိတာကို တော့ အချိန်တော်တော် ကြာ နှစ်တွေ တော်တော်ကြာတဲ့ အထိ နေသားကျမှာ မဟုတ် ပါဘူး။ အဲ့ဒီ နာကျင်မှု ဟာ ဘာနဲ့မှ အစားကု လို့ မရသလို ဘယ်တော့မှ လည်း ပျောက်မသွားပါဘူး။
သင့်ဘဝ ရဲ့ မထင်မှတ်ထားတဲ့ အစိတ်အပိုင်းကြီး တစ်ခု ဆုံးရှုံး သွားသလို မျိုး အမာရွတ် ကျန်ရစ်ခဲ့ပါလိမ့်မယ်။ သင့်ရဲ့ အတိတ် ၊ အနာဂတ် နဲ့ သင့်ရဲ့ လုပ်နိုင်စွမ်းရည်တွေ အကုန် မှာ သင့်ရဲ့အမေ က ပါဝင်နေတာမို့လို့ ပါ။
၅။ သင် ဘယ်လောက်တောင် တည်ငြိမ် ပြီး သန်မာနေပြီ ဆိုတာ ကို ကိုယ့်ကိုကို သတိပြု မိလာမယ်။
သင့်ဘဝ မှာ ဘယ်အခက်အခဲ ပဲ ထပ်ပြီး ကြုံတွေ့လာလာ သင် မမှုတော့ပါဘူး။ သင့်ဘဝ မှာ အကြီး မားဆုံး ဆုံးရှုံး မှု ကို ကျော်လွန်ခဲ့ရပြီးတာ ကြောင့်ပါ။
Source:her view from above
Do not copy and post this to any other unauthorized platforms
Tinkayta
Zawgyi
အဲ့ဒီ တွန်းအားက လောက ကြီးမှာ အမေက လွှဲ ပြီး ဘယ် တစ်ဦး တစ်ယောက် ကမှ သင့်ကို မပေးနိုင်လို့ပါ။
အမေရှိစဉ်က အတူ နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေ အတူကြည့်ခဲ့ဖူး တဲ့ရုပ်ရှင်တွေ နဲ့ အတူသွားခဲ့ ဖုး တဲ့နေရာတွေ၊
Comments