နတ်သမီးပုံပြင်တွေထဲကနေရာ လေးအလား ထင်ရတဲ့ လမ်းမဲ့ ရွာ။
- Uzzlang Aung
- Feb 18, 2020
- 2 min read

ပုံပြင်ဆန်ဆန် သဏ္ဌာန်ရီဆန်ဆန် ကိုယ်ပိုင်နေရာ တစ်ခုခု မှာ နေချင်တယ် ဆိုရင်တော့ Giethoorn ရွာလေးကို သတိရလိုက်ပါ ။
လူတိုင်းနေထိုင်ဖို့ အိပ်မက်မက် ကြတဲ့ ရွာလေးဖြစ်ပြီး ၁၂၃၀ ဝန်းကျင်မှာ စတင်တည်ခဲ့ပါတယ်။
နယ်သာလန်ရဲ့ Venice မြို့တော် လို့လည်း တင်စားခေါ်ဝေါ်ပါတယ်။

ခေတ်ပေါ် သယ်ယူပို့ဆောင်ရေး သွားလာရေးတွေ ဘာမှ မရှိပဲ ရေ လမ်းကြောင်းတစ်မျိုးတည်း ကို သာ အသုံးပြုကြပါတယ်။
Tourist တွေ လာလည်ရင် ကားကို ရွာ ရဲ့အပြင်မှာ ထားခဲ့ရပြီး စက်အသံတိတ် လှေ လေး တွေ နဲ့ သွားလာရပါတယ်။

တိတ်ဆိတ် သော သွားလာမှု လို့ တင်စားကြပါတယ်။
အကျယ်လောင်ဆုံး ကြားရတာ ကတော့ ငှက်အသံတွေနဲ့ ဗြိုင်း မြည်သံတွေ လောက်ပဲ ကြားရပါတယ်။

ဒီရွာ က ဘယ်လောက်တောင်တိတ် ဆိတ် ပြီး ငြိမ်းချမ်း လိုက်မလဲ ဆိုတာ စိတ် ကူးကြည့်ယုံနဲ့ သိနိုင် ပါပြီ။
တကယ့် ပုံပြင်စာ အုပ်တွေ ထဲကရွာလေး တစ်ရွ၊ အတိုင်းပါပဲ။

ရွာ မှာ လမ်းတွေ မရှိပါဘူး။
ဒါပေမယ့် သွားလာရေး မရှိတာ မဟုတ်ပါဘူး။

Whisper boat လို့ခေါ်တဲ့ အသံမဲ့ အင်ဂျင် ပါ တဲ့ စက်လှေ လေးတွေ ကို အများဆုံး အသုံးပြုကြပါတယ်။
အဲ့တာကြောင့်မို့လို့ ရွာလေးဟာ အရမ်း ငြိမ်းချမ်း ပါတယ်။
ပထမဦးဆုံး အခြေချ ကြတဲ့ရွာ သူရွာသားတွေ က ရွာမှာ တွေ့ တဲ့ မြေအဆွေး အကြွင်းတွေကို တူးဖော်ရင်း တူးရင်းကနေ နှစ်တွေ ကြာလာတော့ ရေကန်တွေ ဖြစ်ကုန်တာပါ။

အသစ်ပြန်လည်ပြုပြင်မွမ်းမံ ထားတဲ့ ရွာလေးဟာ ဆိုရင် တံတားပေါင်း ၁၇၆ ခုနဲ့ ဆက်သွယ်ထားပါတယ်။
အဲ့ဒါတွေက တကယ့် fairly tale တွေ ထဲကလို မှော်ဆန်ဆန် ရွာကလေးတစ်ရွာ ဖြစ်လာစေတာပါ။
Do not copy and post this to any other unauthorized platforms.
Tinkayta
Zawgyi



တကယ့် ပုံပြင်စာ အုပ်တွေ ထဲကရွာလေး တစ်ရွာအတိုင်းပါပဲ။





Tinkayta
Comments